Anchor Bolt ဆိုတာဘာလဲ

Anchor Bolt ဆိုတာဘာလဲ

Anchor bolt ဆိုတာက concrete မဟုတ်တဲ့ တခြားတစ်ခုခုကနေ concrete နဲ့ တွဲဆက်ချင်တဲ့အခါ သူ့ကို သုံးပြီး connection တစ်ခု တည်ဆောက်တဲ့နေရာမှာ အသုံးပြုရတဲ့ fastener တစ်မျိုးပါ။

တကယ်တော့ anchor bolt တွေကို structure ကြီးတွေမှာမှ မဟုတ်ဘူး သေးသေးဖွဲဖွဲလေးတွေကစ သုံးကြပါတယ် ဘယ်မှာပဲ သုံးသုံး သူ့ရဲ့လုပ်ဆောင်ချက်ကတော့ tension နဲ့ shear ကို အဓိက ထမ်းပေးတာပါ။

ခုနောက်ပိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း steel structure တွေ ဆောက်လာကြတာများတော့ anchor bolt တွေရဲ့ အပိုင်းကလည်း တော်တော်များများ ပါဝင်လာပါတယ်။ ဒီတော့ သိထားသင့်တဲ့ anchor bolt တွေရဲ့ အခြေခံသဘောလေးတွေကို လေ့လာထားသလောက် မျှဝေလိုက်ပါတယ်။

anchor bolt တွေမှာ ကိုယ်သုံးမယ့် အနေအထားပေါ် မူတည်ပြီးတော့ cast-in type နဲ့ post-installed type ဆိုပြီး ရှိပါတယ်။


Cast-in Anchor

cast in anchor ဆိုတာကတော့ anchor အမျိုးအစားတွေထဲမှာ ရိုးရိုးရှင်းရှင်းနဲ့ ခံနိုင်အားအကောင်းဆုံးလို့ ပြောလို့ရပါတယ်။

ကွန်ကရစ် မလောင်းခင် သံချောင်းတွေ ဆင်နေတုန်း လိုအပ်တဲ့ anchor bolts တွေ တစ်ခါတည်း slab, column, beam စတာတွေထဲထည့် ဆင်ပြီး ကွန်ကရစ်ရောလောင်းတဲ့ ပုံစံပါပဲလိုအပ်တဲ့ ပုံစံပေါ်မူတည်ပြီး ကွန်ကရစ်ထဲက အလွယ်တကူ ရုန်းမထွက်နိုင်အောင် L ပုံစံ၊ J ပုံစံ၊ U ပုံစံ စတဲ့ bolt တွေ ရှိကြပါတယ်။

​ဒါက ကွန်ကရစ်မလောင်းခင် အကုန်ပြင်ဆင် နေရာချပြီး လုပ်ရတာပါ အသုံးပြုရမယ့် bolt အရေအတွက်ရယ် size ရယ်၊ အထဲဝင်ရမယ့် အနက်ရယ် ကတော့ လိုအပ်တဲ့ design အရ ဆုံးဖြတ်ရပါတယ်။


Post-installed Anchor

Post installed anchor တွေကိုတော့ တကယ်လို့ ကွန်ကရစ်လောင်းပြီးမှ တစ်နေရာရာမှာ တစ်ခုခုနဲ့ ထပ်ဆက်ချင်တဲ့အခါ တစ်နည်းပြောရင် ထပ်တိုးချဲ့ချင်တဲ့အခါတွေမှာ သုံးပါတယ်။ ဥပမာ slab/ column/ footing ‌တွေလောင်းပြီး အပေါ်က steel column ထောင်ချင်တာမျိုးတွေ၊ RC column တွေ beam တွေကနေ steel beam တွေ လာ ဆက်တာမျိုးတွေ၊ အဆောက်အဦး မျက်နှာစာတွေမှာ အလှပြင်ဆင်ဖို့ တစ်ခုခုနဲ့ အဆောက်အဦးရဲ့ structure ကိုလာဆက်တဲ့အခါတွေမှာ သုံးပါတယ်။

သူ့မှာလည်း အရွယ်အစား (bolt size) ရယ် အမျိုးအစား (grade) ရယ် ပေါ်မှာ မူတည်ပြီး strength တွေ အမျိုးမျိုး ကွဲပြားပါတယ်။ design လုပ်တဲ့အခါမှာ bolt တစ်လုံးချင်းစီက ထမ်းဆောင်ရမယ့် အများဆုံး tension နဲ့ shear တွက်ပြီးလို့ သင့်တော့တဲ့ bolt ရွေးချယ်တဲ့အခါမယ် သူ့ကိုလက်ခံမယ့် ကွန်ကရစ် ခံနိုင်အား (concrete strength)၊ ကွန်ကရစ်ထဲက သံချောင်းအနေအထား (reinforcement)၊ ခွင့်ပြုပေးနိုင်တဲ့ အစွန်းအကွာအဝေး (edge distance)၊ ကွန်ကရစ်က ပေးဝင်နိုင်တဲ့ အနက် (embedment depth)၊ bolt တစ်ခုနဲ့တစ်ခုအကြား အနည်းဆုံးရှိရမယ့် အကွာအဝေး (anchor spacing) ရယ် စတာတွေကို ထည့်စဥ်းစားရပါတယ်၊ ပြီးမှ ဘယ်အမျိုးအစား ဘယ် size ဘယ် grade နဲ့ သင့်တော်မလဲ ဆိုပြီး အဖြေထုတ်၊ သုံးရပါတယ်။

Post installed type မှာ mechanical expansion anchor နဲ့ chemical anchor ဆိုပြီး ရှိပါတယ်။


Mechanical Expansion anchor

Mechanical Expansion Anchors (Credit photo)

တစ်ခါတစ်လေ mechanical anchor လို့သုံးပါတယ် တစ်ချို့ကလည်း expansion bolt လို့သုံးပါတယ်။ wall plug လို့ လည်း ခေါ်ကြပါတယ်။

ဘယ်လိုပဲခေါ်ခေါ် သူရဲ့ ပုံစံက ကွန်ကရစ်ကို drill ဖောက်မယ် ပြီးတော့ သူ့ကိုအထဲရိုက်ထည့်ပြီး အပြင်က Base plate တစ်ခုခု ခံပြီး nut ခေါင်း ဒါမှမဟုတ် screw နဲ့ကြပ်လိုက်တော့ သူ့ထဲမှာရှိတဲ့ နားရွက်လေးတွေ ကားလာပြီး ကွန်ကရစ်ကိုသွား ကျားကန်ထောက်ပြီး စွဲထားတာပါ ပြီးမှ အဲ့ကနေမှ column, beam စသည်ဖြင့် လိုသလို ထပ်ဆက်ပါတယ်။

Mechanical expansion type ကို သုံးမယ်ဆိုရင် တစ်ခု သတိပြုရမှာက drill ‌‌‌‌‌ဖောက်တဲ့ အပေါက်အကျယ် (hole size) ပါ ‌အပေါက်ကို သုံးမယ့် bolt size အတိုင်း ‌ဖောက်ရပါတယ် bolt size ထက် ပိုကျယ်ပြီး မဖောက်သင့်ပါဘူး ။ ဥပမာ bolt က 12mm diameter ဆို အ‌ ပေါက်ကိုလည်း 12mm diameter ပဲ ‌ဖောက်ရပါမယ်။ ဒါမှ အပေါက်ထဲ bolt ရိုက်ထည့်ပြီး အပြင်ကနေ nut ကို ကြပ်လိုက်တဲ့ အခါ ‌ဒီ anchor bolt ရဲ့ ‌ sleeve လို့ ခေါ်တဲ့ နားရွက်ပိုင်း‌လေး‌တွေက ကျယ်လာပြီး ကွန်ကရစ်ကို ကျားကန် ‌ထောက်နေနိုင်မှာပါ ဒီလို နားရွက်လေး‌တွေ (sleeve) ကျယ်ကားလာပြီး load ထမ်းတဲ့ အမျိုုးအစားမို့ သူ့ကို mechanical expansion type လို့ သတ်မှတ်တာပါ။

ကိုယ်ဖောက်ထားတဲ့ အပေါက် အကျယ်က လိုတာထက်ပိုနေမယ်ဆိုရင် ဒီနားရွက်လေး‌တွေက ‌ကောင်း‌ကောင်း ကားကျယ်မလာနိုင်ဘဲ ကွန်ကရစ်ကိုလည်း ကျားကန်ထောက်မထားနိုင်လို့ ‌ကောင်း‌ကောင်းအလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အထက်က ‌‌ပြောခဲ့သလို expansion type ဖြစ်လို့ သူကောင်း‌ကောင်းအလုပ်လုပ်ဖို့ သူ့ကို ကြပ်တဲ့ အခါ အရွယ်အစားနဲ့ အမျိုးအစား‌အလိုက် အနည်းဆုံး လိုအပ်တဲ့ torque အား ရရှိအောင် ‌သေချာ‌လေး ကြပ်ပေးဖို့ လိုပါတယ်။ လိုအပ်တဲ့ torque အား မရရင် sleeve ‌လေး ‌ကောင်း‌ကောင်းမကျယ်ကား‌တော့ ဒီ bolt က ထမ်းနိုင်တဲ့ performance ကို အပြည့်အဝ မရနိုင်ပါဘူး။

bolt size/ grade အလိုက် ထုတ်တဲ့ manufacturer က သတ်မှတ်ပေးထားတဲ့ အနည်းဆုံး ကြပ်ရမယ့် torque moment တွေ ရှိပါတယ်။ ဒီနေရာမှာ ပုံမှန် အသုံးပြု‌‌နေကျ ရိုးရိုး ဂွတွေ၊ ဂွင်း‌တွေ သုံးတာထက် လိုအပ်တဲ့ torque သတ်မှတ်ပြီး ကြပ်လို့ရတဲ့ torque wrench နဲ့ သုံးတာ ပိုအဆင်ပြေပါတယ်။

အခြားပုံစံတွေအနေနဲ့ plastic anchor၊ screw anchor, undercut anchor ဆိုပြီး ရှိပါသေးတယ်။ ထမ်းရမယ့် load အခြေအနေ‌ပေါ်ရယ် ‌အောက်ခံ ကွန်ကရစ် အနေအထားရယ် ကို ကြည့်ပြီး ခွဲခြားသုံးပါတယ်။

Chemical bolt နဲ့ ယှဥ်ရင် Mechanical bolt တွေ ရဲ့ အားသာချက်ကinstalled လုပ်ပြီးတာနဲ့ အချိန်စောင့်စရာမလိုဘဲ ချက်ချင်း သုံးလို့ရတာ၊ ကွန်ကရစ်မှာ ဖောက်ထားတဲ့ အပေါက်ကို chemical နဲ့ သုံးတာလောက် အသေးစိတ် သေချာ ဂရုတစိုက် သန့်ရှင်းရေးလုပ်စရာမလိုတာ (လုံးဝမလိုအပ်ဘူးလို့တော့ မဆိုလိုပါ) တွေပါ။ နောက် အကောင်းဆုံး အားသာချက်တစ်ခုကတော့ chemical နဲ့ ယှဥ်လိုက်ရင် စျေးအရမ်းသက်သာတာပါ။

အားသာချက်တွေချည်းတော့ မဟုတ်ပါဘူး။ သူ့မှာလည်း အားနည်းချက်တွေ အများကြီးပါပဲcracked concrete တွေမှာ သုံးဖို့ အဆင်မပြေတာ၊ minimum edge distance တွေ၊ minimum anchor spacing တွေ၊ minimum base concrete thickness တွေ ပိုလိုတာ၊ လိုအပ်တဲ့ torque moment ရအောင် ကြပ်ပေးဖို့ လိုအပ်တာ၊ bolt size ချင်းတူရင် chemical bolt တွေရဲ့ ခံနိုင်အားထက် အများကြီး နည်းတာ စတဲ့ အားနည်းချက်တွေ ရှိပါတယ်။

ဒါ့ကြောင့် structure ကြီးကြီးမားမားတွေမှာ tension, shear strength တွေ များများ လိုအပ်တော့ mechanical ထက် chemical တွေ ပိုသုံးကြပါတယ်။


Chemical anchors

Bonded anchors လို့လည်း ခေါ်ပါတယ် ကိုယ်သုံးမယ့် အရစ်ပါတဲ့ threaded bolt ဒါမှမဟုတ် rebar တွေကို ကွန်ကရစ်နဲ့ စွဲကပ်ဖို့ ကြားခံ bonding agent အနေနဲ့ လုပ်ဆောင်ပါတယ်။

ရိုးရိုးရှင်းရှင်းပြောရင် ကွန်ကရစ်ကို အပေါက်ဖောက်မယ် အပေါက်ထဲက ကွန်ကရစ်အစအနတွေ အမှုန်တွေ ရှင်းပြီး chemical ထည့်လိုက်မယ် ပြီးရင် bolt ဒါမှမဟုတ် rebar တစ်ခုခု ထိုးထည့်လိုက်မယ် ဆိုရင် ပြီးပြီ chemical set ဖြစ်သွားရင် သုံးလို့ရပြီ။

expansion sleeve နဲ့ ကွန်ကရစ်ကို ထောက်ထားတာမဟုတ်ဘဲ chemical က စွဲကပ်ပေးထားတာဖြစ်လေတော့ သူ့အတွက် ကြပ်ဖို့ torque moment တွေ မလိုပါဘူး။

သူ့ရဲ့ chemical က နှစ်မျိုးရောစပ်ပြီး အသုံးပြုရတာပါ။ အလွယ်ပြောရင် chemical A ရယ် chemical B ရယ် ကို လိုအပ်တဲ့ အချိုးအစားအတိုင်း ရောစပ်လိုက်တဲ့အခါ chemical နှစ်ခု ဓာတ်ပြုပြီး တဖြည်းဖြည်း မာလာပြီး နောက်ဆုံး set ဖြစ်ပြီးတော့ သူ့ strength ရလာတာပါပဲ။ဘိလပ်မြေနဲ့ ရေနဲ့ရောစပ်ရတဲ့ သဘောအတိုင်းပါပဲ – A ချည်းထားလည်း မခဲဘူး B ချည်း ထားလည်း မခဲဘူး A နဲ့ B နဲ့ ဓာတ်ပြုမှ အလုပ်လုပ်တာပါ။

Chemical အမျိုးအစားအလိုက် ပုံစံအလိုက် အကြီးတစ်ခု အသေးတစ်ခု တွဲရက် လာပါတယ်။ရောစပ်ရတဲ့ အချိုးအစားက အရေးကြီးတော့ သူ့ကိုသုံးဖို့ Dispenser ဆိုတဲ့ chemical gun သုံးပြီး ‌‌ရောစပ် ထိုးပါတယ်။ Dispenser ထဲ chemical အတွဲလိုက်ထည့်ပြီး ခလုပ်ညှစ်လိုက်တာနဲ့ အထဲမှာ သူ့ဟာသူ အချိုးကျရောပြီး dispenser ရဲ့ နှုတ်သီး nozzle ကနေ အသင့်သုံး ရောစပ်ပြီးသား chemical ထွက်လာတာပါပဲ။ ဒီ dispenser ကောင်းကောင်းအလုပ်လုပ်နေသရွေ့ အချိုးအစား မမှန်မှာ စိတ်မပူရတော့ပါဘူး။

ရှိနေပြီးသား ကွန်ကရစ်မျက်နှာပြင် တစ်ခုခုကို အခြားကွန်ကရစ် လာလောင်းဖို့လိုအပ်တဲ့အခါ အရင်လောင်းပြီးသား ကွန်ကရစ်အဟာင်းထဲမှာ dowel bars တွေ ချန်ခဲ့ရပါတယ်၊ ဒီလိုမချန်ခဲ့ဖြစ်ဘဲ အသစ်တစ်ခုခုနဲ့ ဆက်ချက်တဲ့အခါမှာလည်း ရှိနေပြီးသား ကွန်ကရစ်မှာ chemical သုံးပြီး rebar တွေ ထိုးထည့်ပြီး ဆက်လို့ရပါတယ်။

chemical anchor သုံးမယ်ဆိုရင် ကွန်ကရစ်ကို အပေါက်ဖောက်ရပါတယ်။ mechanical expansion type နဲ့ မတူတာက hole size က bolt size ထက် ပိုကြီးဖို့ လိုပါတယ်။ bolt size ထက် 2mm အနည်းဆုံး ပိုကြီးရပါတယ် ဥပမာ bolt က 12mm ဆို အပေါက်ကို 14mm ဖောက်ရပါတယ် diameter အရမ်းကြီးတဲ့ bolt တွေဆိုရင် 4-5mm လောက်ထိ ပိုကြီးရပါတယ်။

ဒီထက် ပိုကျယ်ကျယ်ဖောက်လို့မရဘူးလားဆိုရင်တော့ ရပါတယ်။ ဒါပေမယ့် အပေါက်ကျယ်လေ chemical ပိုကုန်လေဆိုတော့ မလိုအပ်ဘဲ chemical တွေ အလဟသ ကုန်ပါတယ်အပေါက်ဖောက်ပြီးရင် အတွင်းက ကွန်ကရစ် အစအနတွေနဲ့ ဖုန် အမှုန်တွေကို သေချာလေး ဂရုတစိုက် သန့်ရှင်းပေးရပါတယ်။ ဒီမလိုအပ်တဲ့ အမှုန်တွေ ရှိနေရင် chemical က အတွင်းကွန်ကရစ်သားကို သေချာမစွဲကပ်တော့ လိုအပ်တဲ့ strength မရနိုင်တော့ပါဘူး။ chemical အတွက် hole သန့်ရှင်းရေးက အရမ်းအရေးကြီးပါတယ်။

‌နောက်ပြီး အမျိုးအစားအလိုက် working time တွေ setting time တွေ ကွာပါတယ်။ တစ်ချို့ chemical တွေက ဆယ်မိနစ်လောက်နဲ့ စအိပ်ပြီး တစ်နာရီလောက်ကြာရင် strength ရပါတယ်။ ဒါပေမယ့် တချို့ အမျိုးအစားတွေကတော့ နာရီဝက်လောက်မှ စအိပ်ပြီး ခုနှစ်နာရီလောက်မှ strength ရပါတယ်။

ဒါက အကြမ်းဖျင်းအနေနဲ့ပဲ ပြောတာပါ ပြင်ပ အပူချိန်တွေပေါ်မှာလည်း အများကြီး မူတည်ပါသေးတယ်။ ကိုယ်အသုံးပြုတဲ့ အမျိုးအစားအလိုက် လိုအပ်တဲ့ setting time ကိုစောင့်ပြီးမှ အသုံးပြုရပါတယ်။

တချို့ chemical တွေက static load အခြေအနေတင်မကဘဲ seismic load အခြေအနေအတွက်ပါ ခံနိုင်ပါတယ်။ ဒီတော့ ငလျင်ဒဏ်ခံ အဆောက်အဦးတွေ ဒီဇိုင်းလုပ်တဲ့ အခါမှာလည်း အသုံးပြုနိုင်ပါတယ်။

အချို့အမျိုးအစားတွေက concrete စိုထိုင်းနေရင် အသုံးမပြုသင့်သေးသလို အချို့တွေကျ ရေအောက်မှာပါ အသုံးပြုလို့ရပါတယ်။ ဒီလိုပဲ အချို့တွေက အပူဒဏ်ကောင်းကောင်းမခံနိုင်သလို အချို့အမျိုးအစားတွေကျ fire resistance ပါ ဖြစ်ပါတယ်။

ဒီ Chemical တွေရဲ့ အဓိက အားသာချက်က တခြားအရွယ်အစားတူ mechanical anchor ထက် tension ‌ရော shear မှာပါ သိသိသာသာ ပိုခံနိုင်တာပါ။ ဒါကြောင့် load များများ ထမ်းရမယ့် structure တွေမှာ chemical bolt တွေကို အဓိက သုံးကြပါတယ်။

နောက်ပြီး ဒီ chemical တွေက non-cracked concrete တွေတင်မက cracked concrete တွေမှာပါ အသုံးပြုလို့ ရသလို minimum edge distance တွေ minimum base concrete thickness လိုအပ်ချက်တွေ ပိုနည်းပါတယ်။ ဒီတော့ concrete cover (edge distance) များများ မပေးနိုင်တဲ့ အခြေအနေတွေမှာ chemical တွေက ပိုသင့်တော်ပါတယ်။ သူ့ရဲ့ strength က ကွန်ကရစ်ထဲကို ဝင်တဲ့ embedment depth ပေါ် မှာ လည်း အဓိက သက်ရောက်ပါတယ်။

ဒီတော့ manufacturer တွေရဲ့ specifications တွေပေါ် အခြေခံပြီး design လိုအပ်ချက်အရ ဘယ်အမျိုးအစားသုံးမယ် ဘယ်အရွယ်သုံးမယ် အထဲဘယ်လောက်ဝင်ရမယ်ဆိုတာတွေကို designer က သေချာ တွက်ချက်ပြီး သတ်မှတ်ပေးရပါတယ်။

Chemical တွေရဲ့ အားနည်းက mechanical တွေရဲ့ အားသာချက်တွေနဲ့ အတူတူပါပဲ။ drilled hole ကို သေချာသန့်ရှင်းပေးဖို့ လိုတာ၊ ရောစပ်တဲ့ အချိုးအစားမှန်ဖို့လိုတာ၊ chemical set ဖြစ်ဖို့ အချိန်စောင့်ရတာ၊ torque moment ကို လိုအပ်တာထက် ပိုမကြပ်သင့်တာ၊ chemical စျေးက mechanical တွေထက် စျေးပိုကြီးတာ စတာတွေပါ။

စတဲ့ အားသားချက်၊ အားနည်းချက်တွေပေါ် အ‌‌ခြေခံ စဥ်းစားပြီး သင့်တော်တာ အသုံးပြုကြပါတယ်။

– – – – – – – – – – –


အထက်က ပြောခဲ့တဲ့ mechanical expansion type ရော chemical type ရော နှစ်ခုစလုံးက လောင်းပြီးသား ကွန်ကရစ်ကို ဖောက်ရပြီး ထိုးထည့်တာဖြစ်တော့ site ထဲမှာ သူတို့အတွက် ပြဿနာပေးတတ်တာက ကွန်ကရစ်ရဲ့ reinforcement bars သံချောင်းတွေပါပဲ။

drill ဖောက်ချိန် ဒီသံချောင်းတွေနဲ့ ထိပြီး လိုအပ်တဲ့ အနက်မရနိုင်တော့ အပေါက်နေရာ ရွေ့ဖောက်ရတာတွေ concrete မျက်နှာပြင်နဲ့ ထောင့်မှန်ကျ ဖောက်မရဘဲ စောင်းသွားတော့ anchor bolt ရဲ့ performance အပြည့်မရနိုင်တာတွေ ရှိပါတယ်။

နောက်ပြီး ကွန်ကရစ်လည်း ထိခိုက်တတ်ပါတယ် ဒီတော့ အရေးကြီးတဲ့ structure နေရာမှာ သုံးတဲ့အခါ မဖောက်ခင် ကွန်ကရစ်ထဲက rebar နေရာနဲ့အနေအထားတွေ သိဖို့ detector (rebar scanner) တွေနဲ့ အရင် detect လုပ်ပြီးမှ အသင့်တော်ဆုံးနေရာမှာ ဖောက်တာအကောင်းဆုံးပါ။

တစ်ခါတစ်လေ rebar တွေလည်း ရှိနေတဲ့နေရာမှာ bolt တွေ နေရာရွေ့ဖို့လည်း အဆင်ပြေတဲ့အခါ rebar တွေ ဖြတ်ဖို့ လက်ခံနိုင်ရင်တော့ diamond drill bit တွေ အသုံးပြုပြီး ဖောက်ရင်း ဖြတ်ရပါတယ်။

structural rebar ကလည်း အဖြတ်မခံနိုင် bolt တွေကလည်း နေရာရွေ့မရ စတဲ့ ဘေးကြပ်နံကြပ်အနေအထားဆို embedment depth အနည်းဆုံးနဲ့ လိုအပ်တဲ့ design strength ရအောင် anchor bolt အမျိုးအစား ပြောင်းသင့် ပြောင်းသုံးရပါတယ်။

ဒီ anchor bolt တွေ installed လုပ်ပြီးတဲ့အခါမှာတော့ design သတ်မှတ်ထားတဲ့ အနည်းဆုံး strength ရ မရသေချာအောင် bolt တွေကို ရာခိုင်နှုန်းတစ်ခုထိ ကျပန်း‌‌ရွေးပြီး ကို Hydraulic jack သုံးပြီး ဆွဲထုတ် (pull out test) လုပ်ရပါတယ်။

ဒီတော့ ကိုယ့် anchor bolts တွေ ကောင်းကောင်းအလုပ်လုပ်လား မလုပ်ဘူးလား သိရပြီး ကိုယ့် structure ရဲ့ အခြေအနေကို သိနိုင်ပါတယ်။ အချို့ anchor supplier တွေက သူတို့ anchor တွေ ဝယ်သုံးတဲ့ client တွေအတွက် လိုအပ်တဲ့ design services တွေနဲ့ test services တွေကို အခကြေးငွေ မယူဘဲ ဝန်ဆောင်မှု ပေးတတ်ကြပါတယ်။

စင်ကာပူမှာတော့ လိုအပ်တဲ့ standard တွေ specifications တွေ သေချာပေးနိုင်တဲ့ Hilti, Multifix, Fischer စတဲ့ brand တွေ အသုံးများပါတယ်။

ဒီ anchor bolt ‌တွေကို အဝတ်လှမ်းတဲ့ တန်းတွေ၊ ချိတ်တွေက အစ ရေပိုက်လိုင်း၊ မီးပိုက်လိုင်းနဲ့ safety barrier တွေ လှေကားလက်ရန်းတွေနဲ့ structure ကြီးတွေအထိ နေရာတော်တော်များများမှာ အသုံးပြုကြရတော့ သူနဲ့ပတ်သက်ရာ‌ အခြေခံ အ‌ကြောင်း‌လေး‌တွေကို ဗဟုသုတ ရစေရန် အလို့ငှာ မျှဝေပေးလိုက်ပါတယ်။

အတွေ့အကြုံနဲ့ ‌လေ့လာထားသလောက် မျှဝေ‌ပေးတာဖြစ်လို့လိုအပ်ချက်များ ရှိခဲ့လျှင် ‌‌ဝေဖန် အကြံပြုနိုင်ပါတယ်။ နောက်မှ အလျင်းသင့်သလို pull out test တွေအကြောင်း Torque test တွေ အကြောင်း မျှဝေပါဦးမယ်။

မှတ်ချက်။ ‌‌‌ဖော်ပြပေးထားတဲ့ ဓာတ်ပုံတွေက မိမိကိုယ်ပိုင် ဓာတ်ပုံများ မဟုတ်ဘဲ Hilti website နဲ့ Google ကနေ ရှာရတဲ့ ပုံတွေ ကူးယူအသုံးပြုထားခြင်းဖြစ်လို့ သက်ဆိုင်ရာ ဓာတ်ပုံပိုင်ရှင်များကို ‌‌လေးစားစွာ credit ‌ပေးပါတယ်။

– – – – – – – – – – – – – – – –

– – – – – – – – – – – – – – – –